Global TA & HR

𝐄𝐦𝐩𝐥𝐨𝐲𝐞𝐞 𝐓𝐚𝐬𝐤 𝐋𝐢𝐬𝐭 တွေကဘယ်လိုအသုံးဝင်တာလဲ ❓

Employee Task List တစ်ခုဟာ ဝန်ထမ်းတွေအားလုံး Company ရဲ့ စံညွှန်းတွေအတိုင်း ပြည့်မီမှုရှိမရှိကို သိရှိစေနိုင်ရုံသာမကအလုပ်နဲ့ပတ်သတ်တဲ့ စိုးရိမ်မှုတွေနဲ့ စိတ်ဖိစီးမှုတွေကိုပါ လျှောချပေးဖို့ ကူညီပေးပါတယ်။ ဝန်ထမ်းတွေ အလုပ်အလွန်အကျွံလုပ်တာတွေ ၊အလုပ်ဖိအားတွေများလာတာတွေ နဲ့ အလုပ်တာဝန်တိုးလာမှုတွေကြောင့် လုပ်ငန်းခွင်မှာ ရှုပ်ထွေးမှုတွေရှိလာတာတွေဟာ သင်လိုချင်တဲ့အချက်တစ်ချက်တော့ မဟုတ်တာသေချာပါတယ်။ တကယ်လို့သင့်မှာ Employee Task List သာပြုလုပ်ထားမယ်ဆိုရင် ဝန်ထမ်းတွေအနေနဲ့သူတို့ကိုချမှတ်ထားတဲ့ Right Tasks တွေကို အကောင်းဆုံးပြီးမြောက်အောင်လုပ်နိုင်မှာဖြစ်ပြီး သူတို့အပေါ်မျှော်လင့်ထားတဲ့ အလုပ်တွေအတွက်ပါစိတ်ချမှုရစေမှာ ဖြစ်ပါတယ်။ Daily Task Lists တွေဟာ သင့်ဝန်ထမ်းတွေရဲ့ လုပ်ငန်းလုပ်ဆောင်မှုနဲ့ဆက်ဆံရေးအပိုင်းတွေကို မြှင့်တင်ပေးနိုင်တဲ့ အရိုးရှင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပြီး သင့်လုပ်ငန်းရဲ့ Operation ပိုင်းတွေမှာပါ အရှိန်မြှင့်လာစေမှာပဲ ဖြစ်ပါတယ်။

ဦးစားပေးအချက်တွေ သတ်မှတ်ပါ

Daily Tasks တွေကို ဦးစားပေးအလိုက် Priority စီထားနိုင်ခြင်းဟာ အရေးကြီးတဲ့အလုပ်တွေအမြန်ဆံုံးပြီးမြောက်ဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။Tasks တွေသတ်မှတ်တယ်ဆိုတာကလည်း နေ့အလိုက်၊ နှစ်အလိုက် လုပ်ကိုင်နေရတဲ့ သင့်ရဲ့ Project, Role တွေပေါ် မူတည်နေတဲ့အတွက် Tasks ဘယ်လောက်ရှိရမယ်ဆိုပြီး သီးသန့်သတ်မှတ်ထားဖို့တော့မလိုပါဘူး။ ဒါပေမယ့် တကယ့်လက်တွေ့လုပ်ငန်းမှာ သင်တကယ်လုပ်ဆောင်နိုင်တဲ့ Taks အရေအတွက်ဖြစ်ဖို့တော့ လိုအပ်ပါတယ်။ တချို့ Tasks တွေဟာ အချိန်အများကြီးယူစရာမလိုဘဲ ပြီးစီးနိုင်ပေမယ့် တချို့ကြီးမားတဲ့ Project တွေကျတော့ Tasks တွေမြောက်မြားစွာရှိနိုင်တဲ့အတွက် တစ်နေ့ချင်းစီ Tasks အနည်းငယ်စီသတ်မှတ်ပြီး သတ်မှတ်ထားတဲ့ရက်အတွင်း ပြီးစီးအောင် လုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ်။

မလိုအပ်တဲ့ Tasks တွေကိုရှင်းထုတ်ပါ

သင့်ကို Assign ချထားတဲ့ Daily Tasks တွေထဲကမှ အချိန်ကြာမြင့်ပြီး အကျိုးမရှိတဲ့ Tasks တွေကိုခွဲထုတ်ဖို့အတွက် နေ့စဉ်ပုံမှန် Review လုပ်နေဖို့လဲ လိုအပ်ပါတယ်။ဥပမာပြောရရင် လက်ရှိ Project ဒါမှမဟုတ် Activities တွေနဲ့ပတ်သတ်ပြီး Update ဖြစ်ဖို့ဆွေးနွေးမှုတွေလုပ်ကြပေမယ့် တကယ်တမ်းဘယ်တော့မှမလုပ်ဖြစ်တဲ့ Task တွေကိုဆိုလိုချင်တာပဲ ဖြစ်ပါတယ်။ အဲ့ဒါဟာ အချိန်ဖြုန်းမှုတခုသာဖြစ်ပြီး တကယ်လုပ်ဆောင်မယ့်အချိန်မှသာဆွေးနွေးသင့်တဲ့အချက်ပဲဖြစ်ပါတယ်။ မလိုအပ်တဲ့ Tasks တွေကိုဖယ်ရှားလိုက်ခြင်းဟာ တခြားပိုအရေးကြီးတဲ့ Tasks တွေပြီးမြောက်ဖို့ အချိန်ပိုရစေပြီး စံညွှန်းညီဖို့ကိုလည်း ပိုမိုအာရုံစိုက်နိုင်လာမှာပဲ ဖြစ်ပါတယ်။

အရေးကြီးတဲ့ Tasks တွေ အရင်ပြီးအောင်လုပ်သင့်လား ?

အရေးကြီးတဲ့ Tasks တွေဟာ ပိုမိုခက်ခဲပြီး အချိန်လဲပိုကုန်နိုင်တာကြောင့် အရင်ပြုလုပ်ခြင်းဟာ တခါတလေ အဆင်ပြေမှုရှိနိုင်မှာ မဟုတ်ပါဘူး။သို့သော် တခါတလေ အဲ့ဒီ Important Tasks တွေအရင်ပြီးစီးတာကလည်း ခက်ခဲတဲ့ Tasks တွေနဲ့အရေးကြီးတဲ့ Tasks တွေကို လုပ်နိုင်တယ်ဆိုတဲ့ယုံကြည်မှုကိုရစေပြီး သင့်ကိုသက်တောင့်သက်သာ ရှိစေမှာပဲဖြစ်ပါတယ်။

ထပ်တလဲလဲဖြစ်နေတဲ့ Tasks တွေ

ထပ်တလဲလဲလုပ်နေရတဲ့ Tasks တွေပြီးဖို့အချိန်ဘယ်လောက်ယူသင့်တယ်လို့ထင်လဲ ? အမြဲလုပ်နေရတဲ့အတွက် အရေးမကြီးဘူးလို့သတ်မှတ်ထားပေမယ့်လည်းအချိန်ကတော့ပေးနေရတုန်းပါပဲ။ အဲဒီလို Tasks တွေဟာအချိန်တိုအတွင်းပြီးသွားနိုင်ပေမယ့်လည်း အမြဲမပြတ်လုပ်နေရတဲ့အတွက် တကယ်ပြီးစီးမယ့် အချိန်တစ်ခုကိုသေချာတွက်ချက်ပြီး သတ်မှတ်ထားသင့်ပါတယ်။

Post a Comment