Global TA & HR

𝐃𝐚𝐢𝐥𝐲 𝐓𝐚𝐬𝐤 𝐋𝐢𝐬𝐭𝐬 ကိုအသုံးပြုပြီး သင့်ဝန်ထမ်းတွေအနေနဲ့ ဘယ်လိုအကျိုးကျေးဇူးရနိုင်မလဲ ❓

✅ တကယ်လို့သင်ဟာ စားသောက်ဆိုင်မှာပဲဖြစ်ဖြစ် ၊ Corporate Office မှာပဲဖြစ်ဖြစ် ဒါမှမဟုတ် အိမ်တွင်းစောင့်ရှောက်ရေးအလုပ်မှာပဲဖြစ်ဖြစ် အလုပ်လုပ်တယ်ဆိုပါစို့။ သင့်အတွက် နေ့စဉ်တာဝန်ပေးထားတဲ့ (သို့) ရေးမှတ်ပေးထားတဲ့ Daily Task Lists တွေထားရှိခြင်းဟာ သင့်ရဲ့အလုပ်တွေကို ပိုမိုပြီးမြောက်စေပြီး လုပ်ငန်းစွမ်းဆောင်ရည်လဲ တိုးတက်လာစေမှာ အသေအချာပါပဲ။ Holiday Season လိုမျိုးတွေ ၊ Sales အရောင်းချတာမျိုးတွေ နဲ့ ဖျားနာမှုတွေဖြစ်လာတာမျိုးတွေ စတဲ့ နှစ်တစ်နှစ်ရဲ့ ခက်ခဲတဲ့ကာလတွေကြောင့် ကျွနု်ပ်တို့ဟာ အလုပ်မှာ ဖိအားတွေကြား မကြာခဏကျရောက်တတ်ပါတယ်။ တကယ်လို့များ သင့်မှာDaily Task List တစ်ခုရှိနေခြင်းဟာ သင့်အလုပ်ချိန်အတွင်း ဘယ်အလုပ်တွေကို ဦးစားပေးလုပ်ရမလဲဆိုတာတွေကို ခွဲခြားသိမြင်စေမှာဖြစ်ပြီး သင့်ကိုလွှမ်းမိုးနေတဲ့ ဖိအားတွေကို ဖယ်ရှားပေးဖို့ အကောင်းဆုံးကူညီပေးနိုင်မှာပဲ ဖြစ်ပါတယ်။

✅ နေ့စဉ်ဘာတွေလုပ်ရမယ်ဆိုတဲ့စာရင်းတစ်ခုရှိနေခြင်းဟာ သင့်လုပ်ငန်းကို ထိပ်ဆုံးမှာရှိနေစေဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်တဲ့အပြင် လုပ်ငန်းရဲ့ Operation ပိုင်းတိုးတက်လာဖို့အတွက် ဘယ်အလုပ်တွေ စတင်လုပ်ဆောင်ရမယ်ဆိုတာ ခွဲခြားသတ်မှတ်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုလဲ ဖြစ်ပါတယ်။ Daily Task Lists တွေကြောင့် ဝန်ထမ်းတွေဟာ သူတို့ရဲ့တာဝန်တွေကို အကောင်းဆုံး လုပ်ဆောင်နိုင်တဲ့အပြင် Managers တွေနဲ့ ပိုင်ရှင်တွေအတွက်လည်း သူတို့ရဲ့ဝန်ထမ်းတွေဟာ အလုပ်ကိုသေချာဂရုစိုက်တယ်ဆိုတာကိုယုံကြည်စိတ်ချလာနိုင်မှာပဲ ဖြစ်ပါတယ်။

𝐄𝐦𝐩𝐥𝐨𝐲𝐞𝐞 𝐓𝐚𝐬𝐤 𝐋𝐢𝐬𝐭 ဆိုတာဘာလဲ ?

🔶 ပုံမှန်အားဖြင့် Manager သို့မဟုတ် Supervisor တွေကနေ ပြုလုပ်ပေးပြီး Assign ချပေးလေ့ရှိပါတယ်။ Employee Task List ဆိုတာဟာ တကယ်တော့ ဝန်ထမ်းတွေ သူတို့ရဲ့ အလုပ်ချိန်မှာ ပြီးမြောက်ရမယ့် အလုပ်စာရင်းကို ဆိုလိုတာပဲဖြစ်ပါတယ်။ တခါတလေ Task တစ်ခုပြီးဖို့အတွက် အလုပ်ချိန်များစွာလုပ်ရပြီး တခါတလေ Task သေးရင်တော့ တနေ့တာအလုပ်ချိန်နဲ့ပဲ ပြီးမြောက်နိုင်ပါတယ်။ဝန်ထမ်းတွေအတွက် သူတို့ကိုပေးအပ်ထားတဲ့တာဝန်တွေပြီးမြောက်ဖို့ ဘယ်လိုလုပ်သင့်တယ်ဆိုတာတွေ ၊ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာတွေကိုလည်းTask List တွေဟာ လမ်းညွှန်ချက်တွေအနေနဲ့ ပြုလုပ်ပေးနိုင်မှာပဲဖြစ်ပါတယ်။

🔶 ဝန်ထမ်းတွေ သူတို့ရဲ့လုပ်ငန်းလုပ်ဆောင်မှုတွေ မြင့်တက်စေဖို့ ၊ လုပ်ငန်းခွင် အဆင်ပြေစေဖို့နဲ့ ဘာတွေလိုအပ်နေလဲ ၊ ဘာတွေကြန့်ကြာနေလဲဆိုတာတွေကို သိရှိစေဖို့ Managers များအတွက် အသုံးဝင်တဲ့နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

🔶 Daily Task Lists တွေကို ပုံစံအမျိုးမျိုးနဲ့ လုပ်ဆောင်လို့ရပါတယ်။ တချို့အဖွဲ့အစည်းတွေမှာတော့ ဘောပင်နဲ့စာရွက်တွေကိုပဲ အသုံးပြုနေတဲ့အတွက်တခါတလေ မလိုအပ်ဘဲ ပျက်စီးတာတွေ ၊ ပျောက်ဆုံးတာတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ တခြားအဖွဲ့အစည်းတွေကတော့ GlobalTA&HR လိုမျိုး Daily Task Feature ပါဝင်တဲ့ Software တွေနဲ့ သူတို့လုပ်ငန်းတွေကို အဆင်ပြေပြေ အသုံးပြုနေကြပါတယ်။

🔶 တချို့ Company တွေဟာ သူတို့လုပ်ငန်းရဲ့ Daily Task Checklists တွေကို Digitalize ပြုလုပ်ထားတဲ့အတွက် ဝန်ထမ်းတွေရဲ့ တာဝန်ခံမှုတွေနဲ့ အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ရရှိနိုင်ပြီး သူတို့ရဲ့ Industry ထဲမှာလည်း ထိပ်ဆုံးနေရာကနေ ဦးဆောင်နေနိုင်တာပဲ ဖြစ်ပါတယ်။

Post a Comment