နောက်ဆုံးနည်းပညာ၏ လုပ်ဆောင်ချက်များ

သုံးစွဲသူများ၏ လိုအပ်ချက်ကို အခြေခံပြီး လုပ်ဆောင်ချက်များကို ထည့်သွင်းပေးထားပါသည်။ ထို့ကြောင့် သုံးစွဲသူအတွက် ပိုမိုအဆင်ပြေချောမွေ့ စေမှာဖြစ်ပါသည်။

People Directory 1

ဝန်ထမ်းများ၏ မည်သည့် အချက်အလက်မျိုးကို မဆို Digitize လုပ်ထားနိုင်ပါသည်။

ထို့ပြင်လိုအပ်သည့် အချိန်မှာ Web သို့မဟုတ် Mobile Application မှတဆင့် မိမိလုပ်ဖော်ကိုင်ဖက် များ၏ အချက်အလက်များနှင့် Biography များကို People Directory မှတစ်ဆင့် အလွယ်တကူ ရှာဖွေနိုင်ပါသည်။

Attendance Management 2

Cloud Base Attendance Management System တခုဖြစ်သည့် အတွက် Executive များအနေနှင့် Attendance များကို Mobile သို့မဟုတ် Web Application ပေါ်မှတဆင့် နေရာ အချိန် မရွေး စစ်ဆေးလို့ ရသွားမှာဖြစ်ပါသည်။

Shift Policy Management မှာ Company ရဲ့ လုပ်ငန်းတာ၀န်ချိန် များကို စိတ်တိုင်းကျ တည်ဆောက်လို့ရပြီး အလုပ်ချိန် တခုချင်းစီအတွက် အခြေခံဖြစ်သည့် (Late, Early Out, OT, Break Time) များ၏ Advance Formula သတ်မှတ်ချက်များကို စနစ်တကျ သတ်မှတ်လို့ရပါသည်။

Duty Roaster Function ကိုအသုံးပြုပြီး များပြားလှသော ၀န်ထမ်းများ၏ Shift Assign၊ Off Day ၊ On duty များကို Daily, Weekly, Monthly အလိုက် Duty Assign များချမှတ်နိုင်ပါသေးသည်။

Leave Policy Management 3

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် Leave Policy အတိုင်း အသုံးပြုလို့ရသလို အစိုးရသတ်မှတ်ထားသည့် Continuous Leave Policy အပြင် Off day Deduction နှင့် အခြားသော Leave Policy များကို စိတ်ကြိုက်သတ်မှတ်နိုင်ပါသည်။

Leave Allowance Period အား (by year, by Months) နှင့် Services Months အလိုက် ခွင့်များကို အလိုအလျောက် တွက်ချက်ပေးလို့ရပါသေးသည်။

မိမိစိတ်ကြိုက် Leave Policy group များကို စိတ်ကြိုက် ချမှတ်နိုင်ပြီး မည်သည့် နည်းစနစ်ကိုမဆို သတ်မှတ်နိုင်ပါသည်။

Payroll Processing 4

Web နှင့် Mobile Application ကနေမှတဆင့် အချိန်မရွေး နေရာမရွေးဘဲ Payroll Data များကို Processing လုပ်နိုင်သောကြောင့် HR တွေအနေနှင့် လစာတွက်ချက်ရသည့်အခါ စိတ်ရှုပ်ထွေးစေနိုင်တဲ့ ကိစ္စမျိုးတွေ အချိန်ပေးရတာ မျိုးတွေလျော့နည်းသွားမှာဖြစ်ပါသည်။

ဝန်ထမ်းတစ်ဦးဆီ၏ Defined Salary နှင့် Salary Management ဒါအပြင် Addition and Deduction စသည့် Payment Definition များကို တိတိကျကျနှင့် အမှားအယွင်းကင်းစွာ တွက်ချက်နိုင်ပါသည်။

၀န်ထမ်းများ၏ SSB, Income Tax တွေကို ခေါင်းကိုက်စရာမလိုဘဲ အမှားကင်းကင်းနှင့် သက်သက်သာသာ တွက်ချက်နိုင်သလို SSB & Income Tax Reports များအလွယ်တကူ အဆင်သင့် ထုတ်ယူနိုင်ပါသည်။

Employee Self-Service 5

Employee Dashboard ပါရှိသည့် အတွက် ကိုယ့်ရဲ့ attendance, leave, late, early checkout တို့ကို အလွယ်တကူ ပြန်စစ်ဆေးလို့ရပါ။ GPS Check In-Out Feature ကိုအသုံးပြုပြီးတော့ ရောက်ရှိနေတဲ့နေရာတွေကနေ အလွယ်တကူ Attendance တင်နိုင်မှာဖြစ်ပါသည်။

Attendance, Leave, OT, Claim, Duty Swap Request တွေကိုလည်း အလွယ်တကူ တင်နိုင်ဦးမည်ဖြစ်သည်။

Executive တွေအနေနှင့်လည်း Supervisor Dashboard မှ ၀န်ထမ်းများ၏ Attendance Data များကို အချိန်နေရာမရွေး Graphical User Interfaceဖြင့် Mobile or Web Application မှတဆင့် ကြည့်နိုင်ပါသည်။ Employee တဦးချင်းဆီ၏ request တိုင်းကို အလွယ်တကူ approve/reject ပေးနိုင်မှာဖြစ်ပါသည်။

Claim 6

Claim Request ကိုအသုံးပြု၍လည်း Over Time ဆင်းခဲ့တဲ့ နာရီများကို Over Time ကြေးပေးမလား ဒါမှမဟုတ် နားရက်ပြန်ပေးလားဆိုတာကို Executive တွေမှ ဆုံးဖြတ်လို့ရပါသည်။

Daily Tasks 7

ဝန်ထမ်းတစ်ယောက်၏ နေ့စဉ်လုပ်ဆောင်ချက်များကို မည်သည့်နေရာနှင့်အချိန်တွင် တာဝန်ထမ်းဆောင်ခဲ့သည်များကို အကြောင်းအရာ, File Attachments ဓာတ်ပုံများနှင့်အတူ mobile phone မှတစ်ဆင့် အချိန်/နေရာမရွေး အလွယ်တကူ Report နိုင်သည့်အပြင် Off-site work တွင်တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းတစ်ယောက်ကို Leader/အထက်အရာရှိက မည်သည့်နေရာ/မည်သည့်အချိန်တွင် ရောက်ရမည်ဟု ကြိုတင် Assign ချနိုင်ပါသည်။

Review & Appraisal 8

Organization တစ်ခုလုံး၏ ခြုံငုံသုံးသပ်ချက် သိုမဟုတ် Department တခုချင်းဆီ၏ တူညီသည့် စွမ်းဆောင်ရည်၊ လုပ်ငန်းအခြေအနေများကို Review & Appraisal Module တွင် Criteria များတည်ဆောက်နိုင်သလို ဝန်ထမ်းတစ်ယောက်ချင်း၏ သတ်မှတ်ထားသော အချက်လက်များနှင့် ကိုက်ညီမှုရှိ/မရှိသည်ကို အလွယ်တကူ တိုင်းတာတွက်ချက်နိုင်ပါသည်။

Review & Appraisal Module ကိုအသုံးပြုပြီး Criteria များစွာနှင့် Group များတည်ဆောက်နိုင်သလို Dashboard မှတဆင့် ဌာနတစ်ခုနှင့် တစ်ခုအကြား ပိုမိုလွယ်ကူသည့် ချိတ်ဆက်မှုရရှိမည်ဖြစ်သည်။

သတ်မှတ်ထားသော အချက်အလက်နှင့် ဝန်ထမ်းတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်များကို မန်နေဂျာမှ Cloud base Application/ Mobile Phone ဖြင့် အလွယ်တကူ အမှတ်ပေးအကဲဖြတ်နိုင်ပါသည်။