Global TA & HR

Benefits Of Automating HR Tasks

HR ဌာနအတွက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းဟာ ပြောရမယ်ဆိုရင် သင်ဟာ ဝန်ထမ်းတွေရဲ့လုပ်ငန်းခွင်အတွင်း အဆင်ပြေလွယ်ကူစွာအလုပ်လုပ်နိုင်ပြီး သူတိုရဲ့ကြိုးစားမှုတွေအတွက် တန်ဖိုးထားကြောင်းပြသတဲ့ အရေးကြီးတဲ့နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ သင့်လုပ်ငန်းရဲ့ HR နဲ့သက်ဆိုင်တဲ့ပြသနာဖြစ်နိုင်ချေများကို လျှော့ချတဲ့နေရာမှာ HR Taks တွေကို Digital စနစ်သို့ကူးပြောင်းဖို့အတွက် မှန်ကန်တဲ့ HR Software တစ်ခုက ဘယ်လိုကူညီပေးမလဲဆိုတာကို လေ့လာကြည့်ရအောင်…

တိကျမှုရှိခြင်း

အချက်အလက်တွေအားလုံးကို Digital စနစ်နဲ့ Centralized System ကိုအသုံးပြုထားတာကြောင့် ဝန်ထမ်းအချက်အလက်တွေကို ပြင်ဆင်ရာမှာပိုမိုထိရောက်ပြီး တိကျမှုရှိစေပါတယ်။

အာရုံစိုက်နိုင်ခြင်း

Administrative tasks တွေကြောင့် မလိုအပ်ဘဲကြာနေတဲ့အချိန်တွေကိုလျှော့ချပြီး ဝန်ထမ်းတွေရဲ့လုပ်နိုင်အားနဲ့ကျွမ်းကျင်မှုတွေကို မြှင့်တင်ဖို့အတွက်လိုအပ်တဲ့ သင်ကြားမှုတွေနဲ့ တိုးတက်မှုအစီအစဉ်တွေလိုမျိုး strategic လုပ်ဆောင်ချက်တွေကို HR Professionals တွေပိုပြီးအာရုံစိုက်နိုင်ဖို့ဦးစားပေးနိုင်မှာပဲဖြစ်ပါတယ်။

လိုက်နာခြင်း

သက်ဆိုင်ရာ ဥပဒေတွေ ပြီးတော့ စည်းမျဉ်းတွေနဲ့ကိုက်ညီအောင် ပိုပြီးလုပ်ဆောင်လာနိုင်မှာပဲ ဖြစ်ပါတယ်။

ဆက်ဆံရေးကောင်းမွန်ခြင်း

HR Professionals တွေနဲ့ ဝန်ထမ်းတွေကြား ဆက်ဆံရေးပိုမိုမြှင့်တင်လာနိုင်ပါတယ်။

အသုံးစရိတ်လျှော့ချနိုင်ခြင်း

လုပ်ခလစာတွက်ချက်ခြင်း သို့မဟုတ် Shift အချိန်ဇယားဆွဲခြင်းတို့ကဲ့သို့သော ပုံမှန်လုပ်နေကြအလုပ်တွေရဲ့အချိန်တွေလျော့နည်းသွားတဲ့အတွက်HR Management နဲ့ဆက်စပ်သောအသုံးစရိတ်တွေကို လျှော့ချနိုင်မှာပဲဖြစ်ပါတယ်။

Post a Comment