Global TA & HR

သင့်လုပ်ငန်းမှာ အသုံးပြုမယ့် Payroll Software ကိုဘယ်လိုရွေးချယ်မလဲ ?

✅ Payroll Software တစ်ခုဝယ်ယူတော့မယ်လို သင့်အနေနဲ့ဆုံးဖြတ်လိုက်ပြီဆိုတာနဲ့ သင့်လုပ်ငန်းနဲ့သင့်တော်မယ့် အကောင်းဆုံး Software တစ်ခုရရှိဖို သိထားသင့်တဲ့အချက်တွေကို မှတ်သားထားသင့်ပါတယ်။အောက်ပါအချက်တွေကတော့ မှန်ကန်တဲ့ Payroll Software တစ်ခုကိုရွေးချယ်ရာမှာ အကူအညီဖြစ်စေမယ့် အချက်တွေပဲ ဖြစ်ပါတယ်။

အသုံးပြုရလွယ်ကူခြင်း

သင်ရွေးချယ်မယ့် Payroll Software ဟာ အသုံးပြုရလွယ်ကူပြီး နားလည်လွယ်တဲ့ပုံစံ ဖြစ်သင့်ပါတယ်။ စတင် Set up လုပ်တဲ့အချိန်က စပြီး Payroll တွက်တဲ့အချိန်ထိ user-friendly ဖြစ်ပြီး ရှင်းလင်းတဲ့ Instructions တွေရှိတဲ့ Solution ကိုရှာဖွေသင့်ပါတယ်။

ချိတ်ဆက်နိုင်မှု

Payroll Software ဟာ သင့်ရဲ့လက်ရှိ Accounting စနစ် ဒါမှမဟုတ် Banking စနစ်နဲ့လည်း အဆင်ပြေစွာ ချိတ်စပ်ထားသင့်ပါတယ်။ အဲ့ဒီလိုချိတ်ဆက်လိုက်ခြင်းဖြင့် Payroll ပိုင်းစီမံခန့်ခွဲမှုကို ပိုမိုလွယ်ကူစေပြီး Data မှားယွင်းသွင်းမှုတွေကိုလည်း ရှောင်ရှားနိုင်မှာပဲ ဖြစ်ပါတယ်။

အကူအညီ

သင့်အနေနဲ့ မေးစရာမေးခွန်းရှိတာပဲဖြစ်ဖြစ် ဒါမှမဟုတ် ပြသနာတစ်စုံတစ်ခုကြုံလာရင်ပဲဖြစ်ဖြစ် အကောင်းဆုံး Support ပေးနိုင်တဲ့ Payroll Software မျိုးကိုရှာဖွေသင့်ပါတယ်။ ကောင်းမွန်တဲ့ Payroll Provider တွေဟာ သင့်အခက်အခဲတွေကို မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်အောင် အကောင်းဆုံး ကူညီပေးနိုင်ရပါမယ်။

ဈေးနှုန်း

Payroll Software ဈေးနှုန်းတွေဟာ သင်လိုအပ်တဲ့ Features တွေနဲ့ Modules တွေပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ သင်အသုံးပြုလိုက်တဲ့ ငွေကြေးနဲ့ကိုက်ညီတဲ့ တန်ဖိုးကိုရရှိဖိုအတွက် Software Provider တွေရဲ့ ဈေးနှုန်းတွေကို သေချာစွာနှိင်းယှဉ်ကြည့်သင့်ပါတယ်။

ချဲ့ထွင်နိုင်မှု

သင့်လုပ်ငန်းကြီးထွားလာတဲ့အမျှ သင့်ရဲ့ Payroll Software ဟာလည်း လိုက်ပြီး ကူညီပြောင်းလဲပေးနိုင်ဖိုလိုအပ်ပါတယ်။သင်ရွေးချယ်လိုက်တဲ့ Software ဟာ ဝန်ထမ်းတွေ အရေအတွက်များပြားလာတာတွေ ၊ Payroll Transactions များပြားလာတာတွေကို အကောင်းဆုံး ကိုင်တွယ်နိုင်ဖိုသေချာပါစေ။ ဒါ့အပြင် လုပ်ငန်းလိုအပ်ချက်အရ ပြောင်းလဲလိုက်ရတဲ့ Rules တွေ ၊ အခွန်စည်းမျဉ်းတွေနဲ့ပတ်သတ်ပြီး Software မှာအလွယ်တကူပြောင်းလဲနိုင်ဖို လိုအပ်ပါတယ်။ ခေတ်နဲ့ကိုက်ညီတဲ့ နည်းပညာကိုအသုံးပြုပြီး တကယ်အသုံးဝင်တဲ့ Features အသစ်တွေနဲ့ သင့်လုပ်ငန်းကိုပိုပြီးကောင်းမွန်အောင် Support ပေးနိုင်တဲ့ Software Provider ကိုရွေးချယ်သင့်ပါတယ်။

Post a Comment