Global TA & HR

𝐂𝐨𝐦𝐩𝐚𝐧𝐲 တွေအနေနဲ့ 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐓𝐫𝐚𝐧𝐬𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 ပြုလုပ်ပြီး နောက်တစ်ဆင့်ကိုတက်နိုင်ဖို့အတွက် နည်းလမ်း (၅) နည်း

စွဲမြဲစေမယ့် အလေ့အကျင့်အသစ်တွေ ဖန်တီးပါ။

လူတွေဟာ လုပ်နေကျတစ်ခုခုမှာ နေသားကျနေတတ်ကြပါတယ်။ ဟုတ်ပါတယ်။ အဲ့လိုအခြေအနေမျိုးမှာ တခြားပုံစံနောက်တစ်ခုကို ပြောင်းပြီးလုပ်ခိုင်းဖို့ဆိုတာဟာ တကယ့်ကိုမလွယ်ကူလှပါဘူး။ Covid ကာလအတွင်း သင့်လုပ်ငန်းကိုရှေ့ဆက်ဖို့ ပုံစံအသစ်တွေ ၊ နည်းပညာအသစ်တွေနဲ့လုပ်ဆောင်ခဲ့ရတဲ့အတွက် Covid အလွန်ကာလတွေမှာ အရင်အဟောင်းပုံစံကိုပြန်သွားဖို့ မလွယ်ကူလောက်တော့ပါဘူး။ ဥပမာပြောရရင် သင်ရဲ့ Customes တွေဟာ သင့်ဝန်ထမ်းတွေနဲ့ဆက်သွယ်ဖို့အတွက် သူတို့ရဲ့ဖုန်းတွေထဲက Communication Channel တွေကနေတဆင့် ဆက်သွယ်လို့ရမယ့်နည်းလမ်းတွေနဲ့ပဲ ဆက်သွားချင်နေကြတဲ့ သဘောပါပဲ။

သင့်ဝန်ထမ်းတွေအားလုံး ပါဝင်ပါစေ။

သူတို့ရဲ့အလုပ်တွေ ပိုလွယ်ကူဖို့ ၊ ပိုပျော်ဖို့ကောင်းဖို့နဲ့ ပိုထိရောက်အောင်လုပ်နိုင်ဖို့ဘာတွေလိုအပ်မလဲဆိုတာ ဝန်ထမ်းတွေရဲ့ ဆန္ဒတွေကို အရင်ဆုံးမေးကြည့်လိုက်ပါ။ သင့်ဝန်ထမ်းတွေကိုယ်တိုင် သင့်ကိုအမြန်ဆုံးနဲ့အကောင်းဆုံးနည်းလမ်းကို ညွှန်ပြပေးမှာဖြစ်တဲ့အတွက် တကယ်လို့သင်သာ ဝန်ထမ်းတွေရဲ့ခက်ခဲနေတဲ့အပိုင်းတွေကို ဖြေရှင်းပေးမယ့် နည်းပညာတစ်ခုကိုသာ ပြုလုပ်ပေးခဲ့မယ်ဆိုရင်သူတို့ဟာလည်း အလုပ်ကို ပိုပြီးဂရုတစိုက်လုပ်လာတယ်ဆိုတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။

စဉ်ဆက်မပြတ်တိုးတက်အောင်လုပ်မယ်လို့တွေးထားပါ။

Digital Transformation ဟာဘယ်တော့မှပြီးဆုံးတယ်ဆိုတာမရှိပါဘူး။ နောက်တဆင့်ကိုထပ်တက်နိုင်မယ့် နည်းလမ်းတွေလဲရှိနိုင်သလို သင်မသိသေးတဲ့ Tools အသစ်တွေ ၊ နည်းလမ်းအသစ်တွေဟာလဲ ထွက်ပေါ်လာဦးမှာ အမှန်ပါပဲ။ အမှန်တကယ်အောင်မြင်တဲ့ Company တွေမှာဆိုရင် ``System Implementation`` ကိုအပြီးသတ်လုပ်ဆောင်မှုတစ်ခုလို့ မသတ်မှတ်ကြပါဘူး။ အဲ့ဒီအစား အစတစ်ခုလို့သာသတ်မှတ်ပြီးသူတို့ရဲ့ဝန်ထမ်းတွေနဲ့သူတို့ကြားမှာ ပိုအဆင်ပြေလာဖို့ ၊ ပိုတိုးတက်လာဖို့ကိုပဲ အမြဲတမ်းဦးစားပေး ချိတ်ဆက်လုပ်ဆောင်နေကြပါတယ်။ ဒါ့အပြင် ဝန်ထမ်းတွေတိုးတက်ဖို့ Training Tools တွေ၊ Process Flow တွေနဲ့ System တွေပိုကောင်းလာဖို့ နည်းလမ်းတွေကိုလုပ်ဆောင်တဲ့နေရာမှာ စမ်းသပ်ဖို့အတွက်သီးသန့်အချိန်တစ်ခုကိုလည်း သတ်မှတ်ထားဖို့လိုအပ်ပါတယ်။

သင့်ဝန်ထမ်းတွေ ဘယ်နည်းပညာ ၊ ဘယ်စက်ပစ္စည်းတွေအသုံးပြုနေလဲဆိုတာကို လေ့လာပါ။

ကိစ္စတော်တော်များများမှာ Company တွေဟာ ဝန်ထမ်းတွေအားလုံးအသုံးပြုဖို့ မလိုအပ်လောက်ဘူးဆိုပြီး Desktop Tools တွေမှာပဲ ဦးစားပေးအာရုံစိုက်ပြီးလုပ်ဆောင်လေ့ရှိကြပါတယ်။ တခြားတစ်ဖက်မှာလည်း ရှေ့ကိုကြိုတွေးကြတဲ့ Company တချို့ဟာ Wearable Systems တွေမှာ ရင်းနှီးမြုပ်နှံပြီး လုပ်ဆောင်ဖို့ကြိုးစားနေကြပေမယ့်လည်း သူတို့ဝန်ထမ်းတွေကိုယ်တိုင် အဲ့ဒီပစ္စည်းတွေကိုအသုံးမပြုနိုင်တဲ့အပြင် သူတို့ကို Track လုပ်တယ်လို့ခံစားရပြီး စိတ်မသက်မသာဖြစ်ကြတယ်ဆိုတာ တွေ့ရှိရပါတယ်။ အဓိကလိုအပ်တာကတော့ သင့်လုပ်ငန်းမှာ နည်းပညာတစ်ခုခုကိုပြောင်းလဲဖို့မပြုလုပ်ခင်မှာ သင့်ဝန်ထမ်းတွေအသုံးပြုနေတဲ့နည်းပညာတွေကိုသိရဖို့အတွက် အရင်ဆုံးနားထောင်ပြီး နားလည်အောင်လုပ်ဖို့ပါပဲ။ GlobalTA&HR App ဟာဆိုရင် ဝန်ထမ်းတိုင်းရဲ့ ဖုန်းတိုင်းမှာအသုံးပြုနိုင်တဲ့အတွက် အဆင်ပြေပြီး လုပ်ဆောင်ရတဲ့အပိုင်းမှာလဲ လွယ်ကူတဲ့အတွက် ဝန်ထမ်းတွေအတွက် ပုံမှန်သုံးနေကျ Application တစ်ခုသုံးနေရတဲ့ ခံစားချက်ကိုရရှိစေမှာပဲ ဖြစ်ပတယ်။

Automate ဒါမှမဟုတ် Digitize ဖြစ်ဖို့ရွေးချယ်မယ့်အရာကို သေချာစွာလေ့လာပါ။

အထူးသဖြင့် Company ကြီးတွေဟာ ရှိနေတဲ့ Process အားလုံးကို Automate ဖြစ်ရမယ်ဆိုတဲ့ အတွေးတွေနဲ့လုပ်ကြတဲ့အခါ ဝန်ထမ်းတွေကြားမှာ မလိုလားအပ်ဘဲ သွေးကွဲမှုတွေ ၊ အပြစ်တင်မှုတွေနဲ့ ရှုပ်ထွေးမှုတွေ ဖြစ်လာတတ်ကြပါတယ်။ တကယ်တော့ ကျွန်တော်တို့ရဲ့ရည်မှန်းချက်ဟာ Manual လုပ်ဆောင်နေရတဲ့ ၊ ထိရောက်မှုမရှိတဲ့ ၊ အချိန်ကုန်စေတဲ့ Process တွေနဲ့ Task တွေကို အလိုအလျှောက်စနစ်တစ်ခုဖြစ်လာအောင်အဖွဲ့ထဲမှာပဲ အချင်းချင်း ကူညီပြီးအချိန်ပေးတည်ဆောင်သွားနိုင်ဖို့ပဲ ဖြစ်ပါတယ်။ သေချာစွာလုပ်ဆောင်နိုင်မယ်ဆိုရင် Digital Transformation ဟာ ဝန်ထမ်းတွေကို သူတို့စိတ်ထဲ စက်တွေကြားအလုပ်လုပ်နေရတယ်လို့ ခံစားနေရခြင်းထက် Company ကသူတို့အဆင်ပြေအောင် ဂရုတစိုက်အချိန်ပေးလုပ်ဆောင်ပေးနေပါလားဆိုတဲ့ခံစားချက်ကို ရရှိစေနိုင်မှာပဲဖြစ်ပါတယ်။

Post a Comment