Global TA & HR

✅ ဘာကြောင့်သင့်ရဲ့ 𝐂𝐨𝐦𝐩𝐚𝐧𝐲 မှာ 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐇𝐑 𝐓𝐫𝐚𝐧𝐬𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 အတွက် ရင်းနှီးမြှုပ်နှံသင့်တာလဲ ❓

တနေကုန် စာရွက်ပုံတွေကြား ရှုပ်ပွပြီး စိတ်တွေလေးလံပြီး စိတ်ရှုပ်စရာပတ်ဝန်းကျင်မှာ အလုပ်လုပ်နေရသေးတာလား ? Leave Request ကို အကြောင်းပြန်ဖို့ ဒါမှမဟုတ် ဝန်ထမ်းတစ်ယောက်ရဲ့ file တွေ ရှာဖွေဖို့နဲ့ HR နဲ့ ပတ်သတ်တဲ့စာရွက်စာတမ်းတွေ စုစည်းဖို့ ရက်ပေါင်းများစွာ သင့်အနေနဲ့ အချိန်ပေးနေရပြီလား ? တကယ်လို့ သင်က Yes လို့ဖြေလိုက်ရင်တော့ သေချာပါတယ် သင့်အနေနဲ့ Digital HR ကို ပြောင်းလဲဖို့ အချိန်ရောက်ပြီပဲဖြစ်ပါတယ်။ စိတ်မပူပါနဲ့ အဲဒါကသင့်အတွက် မလွဲမတွေရင်ဆိုင်ရမယ့် အရာတစ်ခုပဲဖြစ်ပါတယ်။

𝐓𝐡𝐞 𝐊𝐞𝐲 𝐛𝐞𝐧𝐞𝐟𝐢𝐭𝐬 𝐨𝐟 𝐝𝐢𝐠𝐢𝐭𝐚𝐥 𝐇𝐑 𝐭𝐫𝐚𝐧𝐬𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 𝐚𝐫𝐞 :

ပြီးခဲ့တဲ့ ဆယ်စုနှစ်များအတွင်း စာရွက်စာတမ်းတွေနဲ့ပဲ အလုပ်လုပ်ကိုင်ခဲ့တဲ့လူများအတွက် Digital Transformation ဟာ သိပ်မထင်ရှားတဲ့ စကားလုံးအဖြစ်သတ်မှတ်ကြနိုင်ပါတယ်။ သို့ပေမယ့် သင်ဟာတကယ်လို့ IT နည်းပညာအကြောင်း အနည်းငယ်သိကျွမ်းပြီး နောက်ဆုံးပေါ် နည်းပညာများနဲ့ သိပ်မစိမ်းတဲ့လူတစ်ယောက်ဆိုရင်တော့ အောက်ပါ ဥပမာတွေက သင့်ကိုလမ်းကြောင်းတစ်ခုဆီသို့ ညွှန်ပြပေးနေမှာပဲ ဖြစ်ပါတယ်။ Cloud Computing ထွန်းကားလာတာနဲ့အမျှ သက်ဆိုင်ရာ Industry ကျွမ်းကျင်သူတွေဟာ သူတို့အလုပ်တွေ ပိုမိုရိုးရှင်းလွယ်ကူပြီးထိရောက်နိုင်အောင် ပြီးတော့ ထပ်တလဲလဲလုပ်နေရတဲ့အမှားတွေနည်းသွားအောင် IT engineers များနဲ့လက်တွဲပြီး လုပ်ဆောင်လာကြပါတယ်။ လက်တွေ့မှာလဲ အဆိုပါပြောင်းလဲမှုတွေကြောင့် ဒီဇိုင်းပိုင်းတွေ ၊ Processes ပိုင်းတွေ ၊ Workflows ပိုင်းတွေနဲ့ ပြင်လွယ်ပြုလွယ်တဲ့လုပ်ဆောင်မှုတွေကြောင့် လုပ်ငန်းခွင်တွေမှာ အပြိုင်အဆိုင်အားသာချက်တွေပေးပြီး ပိုမိုကောင်းမွန်မြန်ဆန်တဲ့ လုပ်ငန်းတွေဖြစ်လာဖို့အတွက် တံခါးပေါက်တစ်ခုအနေနဲ့ ဖြစ်လာပါတော့တယ်။

𝐁𝐨𝐨𝐬𝐭 𝐇𝐑 𝐞𝐟𝐟𝐢𝐜𝐢𝐞𝐧𝐜𝐲

Global TA&HR လိုမျိုး HR နဲ့ဆိုင်တဲ့ တွေ App တွေမှာဆို ခွင့်တင်ဖို့အတွက် တစ်မိနစ်တောင်အချိန်မယူရတော့ပါဘူး။ ဒါ့အပြင် ကိုယ့်ရဲ့အထက်အရာရှိဆီကိုလဲ အလိုအလျောက်အကြောင်းကြားပေးနိုင်သလို အတည်ပြုတာကိုလဲ ချက်ချင်းဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ရုံးတွင်းပိုင်း Processes တွေမှာလဲ လွယ်ကူရှင်းလင်းပြီး Communication ပိုင်းကိုလဲ ပိုမိုမြှင့်တင်ကောင်းမွန်လာစေမှာပါ။ ဒါ့အပြင် ဝန်ထမ်းတွေရဲ့ လုပ်ဆောင်မှုတွေကို မှတ်တမ်းတင်ထားတဲ့အတွက် ရှေ့လာမယ့် သူ့အတွက်ဆုံးဖြတ်ချက်တွေမှာလဲ ကောင်းမွန်ပြီး တိကျစေမှာပဲ ဖြစ်ပါတယ်။

𝐀𝐜𝐜𝐞𝐬𝐬 𝐭𝐨 𝐇𝐑 𝐢𝐧𝐬𝐢𝐠𝐡𝐭𝐬

တိကျတဲ့ HR system တစ်ခုထဲကို လိုအပ်တဲ့ information တွေထည့်သွင်းလိုက်တာနဲ့တပြိုင်နက် သင်နဲ့သင့် HR Team ဟာ လုပ်ဆောင်မှုတွေကို ချက်ချင်းအကောင်အထည်ဖော်နိုင်မှာဖြစ်ပြီး အကောင်းမွန်ဆုံးဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်မှာပဲဖြစ်ပါတယ်။

𝐂𝐞𝐧𝐭𝐫𝐚𝐥𝐢𝐳𝐞 𝐞𝐦𝐩𝐥𝐨𝐲𝐞𝐞 𝐝𝐚𝐭𝐚

ရှုပ်ပွနေတဲ့စာရွက်စာတမ်းတွေကို အခုပဲအဆုံးသတ်ပြီး ဝန်ထမ်းအချက်အလက်တွေကို သင့်အနေနဲ့ လွယ်ကူစွာရှာဖွေနိုင်တော့မှာပါ။ ဝန်ထမ်းအချက်အလက် Databases တွေဟာ သင်လိုအပ်နေတဲ့အချိန်မှာ သင်လိုချင်တဲ့အချက်အလက်တွေကို ထိရောက်တဲ့နည်းလမ်းတွေနဲ့ အကောင်းမွန်ဆုံးသိရှိနိုင်အောင် လုပ်ဆောင် ပေးသွားနိုင်ပါတယ်။ တကယ်တော့ Data-driven နည်းစနစ်တွေဟာ လုပ်ငန်းတိုင်းအတွက် အချင်းချင်းယှဉ်ပြိုင်နိုင်စွမ်းတွေ ကွဲပြားလာဖို့ မရှိမဖြစ်အချက်တစ်ခုအနေနဲ့ ဖြစ်လာပြီပဲဖြစ်ပါတယ်။

𝐒𝐚𝐯𝐞 𝐭𝐢𝐦𝐞 𝐚𝐧𝐝 𝐦𝐨𝐧𝐞𝐲

မလိုအပ်ဘဲ ကိုယ်တိုင်လုပ်ဆောင်နေရတဲ့အပိုအလုပ်တွေဖယ်ရှားဖို့ ပြီးတော့ ဒီအလုပ်တွေကြောင့်ဖိစီးနေရတဲ့ စိတ်တွေကိုလျှော့ချဖို့အတွက် သင့်ဝန်ထမ်းတွေအတွက် အချိန်တစ်ခုပဲ ဖြစ်ပါတယ်။သင့်ဝန်ထမ်းတွေဟာ အချိန်ကိုအကျိုးရှိရှိအသုံးချနိုင်လာတဲ့အခါ သူတို့အတွက် ပိုမိုအကျိုးရှိပြီး ဖန်တီးနိုင်စွမ်းအားလဲ မြင့်မားလာမှာ အသေအချာပါပဲ။ အဲဒီတော့ သင်သိချင်တဲ့ Payroll Report တွေဟာလဲ အချိန်ခဏလေးအတွင်းမှာပဲ ရရှိနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Reports တွေနှင့် အဆင့်ဆင့်လုပ်ဆောင်မှုတွေအတွက် ကုန်ကျစရိတ်တွေဟာလဲ ဖြည်းဖြည်းချင်းလျှော့ကျလာတာကို သိသာလာစေမှာပဲဖြစ်ပါတယ်။

𝐆𝐚𝐢𝐧 𝐛𝐞𝐭𝐭𝐞𝐫 𝐞𝐦𝐩𝐥𝐨𝐲𝐞𝐞 𝐞𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞

သင့်လုပ်ငန်းအတွက် ဒါမှမဟုတ် သင့်ဝန်ထမ်းတွေအတွက် အခု Digital HR လိုမျိုးဆန်းသစ်တဲ့စနစ်အသစ်တွေ ပေးသုံးလိုက်ခြင်းအားဖြင့် သင့်လုပ်ငန်းအနေနှင့်လည်း ပိုပြီး လုပ်နိုင်စွမ်းမြင့်မားလာသလို စွမ်းဆောင်ရည်တွေလဲတိုးမြင့်လာစေမှာဖြစ်ပါတယ်။ ဒါ့အပြင် သင့်ဝန်ထမ်းတွေဟာလဲ အရင်ကထက်ပိုပြီး သစ္စာရှိမှု ၊ ပြိုင်ဆိုင်မှုတွေနဲ့ တက်ကြွပျော်ရွှင်မှုတွေ ပိုမိုရရှိလာစေမှာ ဖြစ်ပါတယ်။ သူတို့ဟာ တကယ်အဓိပ္ပါယ်ရှိပြီး တကယ်လုပ်ရမယ့်အလုပ်ကို ပိုမိုအာရုံစိုက်နိုင်လာမှာဖြစ်ပြီး သူတို့ပေးရတဲ့အချိန်နဲ့ အားထုတ်မှုတွေကိုလဲ သိရှိလာနိုင်မှာ ဖြစ်ပါတယ်။ Cloud-based apps, big data, process automation, smart integrations တွေနှင့် bots တွေကြောင့်မို့ HR Department ဟာလဲသူတို့ရဲ့လိုအပ်ချက်တွေကို ပိုမိုကောင်းမွန်လာအောင် လုပ်ဆောင်လာနိုင်ပြီပဲဖြစ်ပါတယ်။

Post a Comment