Global TA & HR

𝐇𝐑 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐓𝐫𝐚𝐧𝐬𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐲

ပြတ်သားတဲ့ ပန်းတိုင်ကိုချမှတ်ပါ။

Digital HR ပြောင်းလဲခြင်းမှကောင်းမွန်တဲ့အဖြေတစ်ခုရှာတွေ့နိုင်ဖို့အတွက် ပန်းတိုင်သတ်မှတ်ရန် ကိုယ့်ကိုကိုယ်မေးခွန်းတွေ မေးဖို့လိုအပ်ပါတယ်။ ဥပမာအားဖြင့် 🔹ထိုသို့ပြောင်းလဲလိုက်ခြင်းဖြင့် ပါဝင်မည့်လူတိုင်းအတွက် လွယ်ကူနိုင်မလား ဒါမှမဟုတ် ထိခိုက်နိုင်မလား ❓ 🔹ပန်းတိုင်ကရော သေချာရှင်းရှင်းလင်းလင်းရှိရဲ့လား ❓ 🔹လုပ်ငန်းအတွက် ကောင်းမွန်တဲ့ငွေကြေးသုံးစွဲမှုရော ဖြစ်စေမလား ❓ စတဲ့အချက်တွေပေါ့။ Transformation ပြုလုပ်မယ့် ပန်းတိုင်ဟာ လုပ်ငန်းရဲ့ Business ပန်းတိုင်နဲ့ချိတ်ချက်မှုရှိနေဖို့လိုအပ်ပါတယ်။ လုပ်ငန်းရဲ့တန်ဖိုးဟာ Digital Transformation ပြောင်းလဲမှုအောင်မြင်မှု ရှိမရှိပေါ်မူတည်နေပါတယ်။ ဥပမာအနေနဲ့ ကိုယ့်ရဲ့ရည်မှန်းချက်ဟာ များသောအားဖြင့် ဝန်ထမ်းအသစ်ထပ်မံ ခေါ်ယူမှုလျှော့ချတာတွေ၊ လုပ်ငန်းတစ်ခုလုံးရဲ့အသုံးစရိတ်တွေလျှော့နည်းသွားစေချင်တာတွေလည်း ဖြစ်နိုင်ပါတယ်။ အဲ့ဒီလို Digital HR ပြောင်းလဲမှုတွေလုပ်တဲ့အခါမှာ ခရီးအဆုံးထိစောင့်ကြည့်ရမှာဖြစ်ပြီး တကယ်ပြောင်းလဲမှုမလုပ်ခင်မှာလည်း မိမိလုပ်ငန်းနှင့် ကိုက်ညီမှုရှိမရှိကို သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်သေချာမေးမြန်းတိုင်ပင်ရန်လည်းလိုအပ်ပါတယ်။

လူတိုင်းပါဝင်လာအောင် လုပ်ဆောင်ပါ။

ဒီနေရာမှာတော့ ဝန်ထမ်းတွေကစပြီး C-suite အထိ လူတိုင်းအကုန်လုံးကိုဆိုလိုတာပါ။ ဟုတ်ပါတယ်။ Company လုပ်ငန်းတစ်ခုလုံး လုပ်ဆောင်ရမယ့်ပြောင်းလဲမှုတစ်ခုဖြစ်တဲ့ Digital HR ပြောင်းလဲမှုနဲ့ပတ်သတ်ပြီး အောင်မြင်မှုရစေဖို့ သင့်အနေနဲ့ရနိုင်သမျှအကူအညီအားလုံးကို လိုအပ်မှာပဲ ဖြစ်ပါတယ်။

အရာရာကိုမရှုပ်ထွေးပါစေနဲ့။

ဝုန်းကနဲပြောင်းလဲတာထက်စာရင် ဖြေးဖြေးမှန်မှန်နဲ့ နည်းနည်းချင်းစီ ၊ အပိုင်းတစ်ပိုင်းချင်းစီ ပုံမှန်ပြောင်းလဲသွားတာက ပိုပြီးထိရောက်ပါတယ်။ သင့်ရဲ့ HR လုပ်ငန်းစဉ်ကို Digital HR ပြောင်းလဲဖို့အတွက် မည်သည့် System နှင့်အသုံးတည့်မယ်ဆိုတာတွေ ၊ ကြိုတင်ရွေးချယ်သင့်တာတွေ ၊ စာရင်းပြုစုတာတွေ ၊ ဌာနအတွင်းအပြင် ဆက်ဆံမှုတွေ ၊ သင်ကြားမှုတွေ ၊ တိုးတက်မှုတွေ နဲ့ ငွေကြေးထောက်ပံ့မှုစတဲ့ အချက်တိုင်းအတွက်လိုအပ်မှုတွေကို တာဝန်ရှိသူတွေနဲ့ C-suite ကလူကြီးတွေနဲ့ပါ ဆွေးနွေးပြီး သူတို့ဘယ်လိုအချက်အလက်တွေလိုချင်လဲ ဘယ်လိုခက်ခဲနေလဲဆိုတာတွေကို သေချာတိုင်ပင်သင့်ပါတယ်။

အကြံဉာဏ်များကို ဦးစားပေးအလိုက်လုပ်ဆောင်ပါ။

စလုပ်လုပ်ချင်း ဖြစ်ချင်တဲအတွေးတွေ လုပ်ချင်တာတွေ အရမ်းကိုများပြားနေမယ်ဆိုတာ အသေချာပါပဲ။ ဒါပေမယ့် တကယ်လိုအပ်ပြီး အကျိုးရှိနိုင်မယ့်အရာတွေကိုပဲ အရင်ဆုံး အာရုံစိုက်သင့်ပါတယ်။ Digital HR ပြောင်းလဲမှုကြောင့် ဖြစ်လာနိုင်တဲ့အကျိုးသက်ရောက်မှုတွေ ၊ ပြောင်းလဲမှုအတွက် ကြာမြင့်နိုင်မယ့်အချိန်တွေ ၊ ကုန်ကျစရိတ်တွေကို သေချာစဉ်းစားပြင်ဆင်သင့်ပါတယ်။ အနည်းငယ်ပြောင်းလဲရုံနဲ့ များများထိရောက်နိုင်မယ့် အတွေးတွေနဲ့ပဲ အရင်ဆုံးစတင်သင့်ပါတယ်။ အဲဒီအချက်တွေဟာ သင် Digital HR ပြောင်းလဲဖို့အတွက် လုပ်ဆောင်ရာမှာ အကောင်းဆုံကူညီပေးနိုင်မှာပဲ ဖြစ်ပါတယ်။

စွမ်းဆောင်ရည်ကို အကဲဖြတ်ပါ။

ဒီလို Digital HR ပြောင်းလဲမှုအတွက် ကြိုးစားမှုတွေ ၊ ဆောင်ရွက်မှုတွေဟာ အရမ်းကိုကောင်းမွန်ပေမယ့်လည်း တကယ့်ရလဒ်မှာ သေချာတိတိကျကျ လိုက်မလုပ်နိုင်ရင်တော့ လိုအပ်တဲ့အဖြေက ဝေးနေဦးမှာပါပဲ။ အဲ့ဒီအတွက် အခြေခံကျမှုရှိမရှိ ၊ တတ်ကျွမ်းနားလည်မှုရှိမရှိ ၊ တကယ်လုပ်ကိုင်မှုရှိမရှိတို့ကို သေချာအကဲဖြတ်ဖို့လိုအပ်ပါတယ်။ တကယ်ကြီးတိုးတက်ပြောင်းလဲသွားဖို့အတွက် တစ်ခုထဲသောနည်းလမ်းကတော့ ဖြစ်လာတဲပြသနာတွေကို သေချာစီစစ်ပြီး ဂရုတစိုက်နဲ့ ကိုင်တွယ်ဖို့ပဲ ဖြစ်ပါတယ်။

Culture ကိုလဲ မမေ့ပါနဲ့။

အဆင်မြင့်တဲ့ပြောင်းလဲမှုတစ်ခု ပြုလုပ်လိုက်ရုံနဲ့ သင့်ရဲ့ HR ပြောင်းလဲမှုဟာ လုံလောက်မှာတော့မဟုတ်သေးပါဘူး။ ပြောင်းလဲမှုမှာပါဝင်မယ့် လူတိုင်းရဲ့ စိတ်ဓာတ်တွေ ၊ ပြုမူပုံတွေနဲ့ Organization ရဲ့ culture တွေကလဲ တစ်ခုနဲ့တစ်ခုကြား ဆက်စပ်မှုရှိနေပါတယ်။ အသစ်ခန့်လိုက်တဲ့ဝန်ထမ်းကစပြီး လက်ရှိဝန်ထမ်းတွေအပါအဝင် C-Level တွေအဆုံး အခြေခံကျတဲ့ Digital အမြင်ရှိဖို့နဲ့ နည်းပညာနဲ့ အကျွမ်းတဝင်ရှိဖို့ကလည်းပြောင်းလဲမှုတွေလုပ်ဖို့အတွက် အခြေခံကျတဲ့အချက်တစ်ခုပဲ ဖြစ်ပါတယ်။

Post a Comment