GlobalTA&HR Articles Center
< All Topics
Print

User Level Control

User Level ဆိုတာဘာလဲ ?

User Level Control (Setup) သည် System အသုံးပြုခွင့် level ကို သတ်မှတ်ပေးနိုင်သော setup form ဖြစ်သည်။

User Level Assign သည် User Level Control မှ သတ်မှတ်ပေးလိုက်သော User Level ကို အသုံးပြုမည့် User များကို ချိတ်ဆက် (Assign) ပေးရန် form ဖြစ်သည်။

User Level ကိုဘယ်လိုသတ်မှတ် နိုင်မလဲ ?

User level များကို သတ်မှတ်ရန်အတွက်

  • User Level အသစ်တခု အရင် တည်ဆောက်ရပါမည်။
  • ထိုနောက် အဆိုပါ User Level ၌ အသုံးပြုခွင့်ရှိသော Menu List (Functions) များ သတ်မှတ် ရပါမည်။
  • ထိုနောက် အဆိုပါ User Level ၌ စီမံခန့်ခွဲခွင့်ရှိသော Employee များ သတ်မှတ်ရပါမည်။ (Employee List)
  • နောက်ဆုံးတွင် အဆိုပါ User Level ကို အသုံးပြုမည့် Employee နှင့် ချိတ်ဆက် (User Level Assign) ရပါမည်။

User Level ကိုအသုံးပြုပြီး ဘယ်လိုအကျိုးကျေးဇူး ရနိုင်မလဲ ?

User Level တခုနှင့် ချိတ်ဆက်ထားသော User တယောက်သည် အဆိုပါ User Level တွင် ခွင့်ပြုထားသော Menu များကို အသုံးပြုနိုင်ပြီး အဆိုပါ User level တွင် ရွေ့းချယ်ထားသော employee များကို ကြည့်ရှု စီမံခန့်ခွဲနိုင်ပါသည်။

User Level ပြုလုပ်ပုံ အဆင့်ဆင့်

1 – User Level အသစ်တည်ဆောက်ခြင်း

User Level အသစ်တည်ဆောက်ရန်အတွက် System >> User Level Control ကိုနှိပ်ပါ။ ထို့နောက် + Button ကိုနှိပ်ပြီး အသစ်ထည့်သွင်းနိုင်မည်ဖြစ်သည်။ Administrator နှင့် Staff User Level များသည် System မှ အသင့်အသုံးပြုနိုင်အောင် Default ထည့်သွင်းပေးထားသော User Level များဖြစ်ပါသည်။

User Level အသစ်ထည့်သွင်းရန်အတွက် Form ကိုပြသပေးနေမည်ဖြစ်သည်။ * ပြထားသော အချက်များသည် Required Field ဖြစ်သောကြောင့် မဖြစ်မနေထည့်သွင်းပေးရမည့် အချက်များဖြစ်ပါသည်။

 

2 – User Level တွင် Menu List ချိတ်ဆက်ခြင်း

User Level အတွက် အသုံးပြုခွင့်ရှိသော Menu များကို သတ်မှတ်ပေးနိုင်ရန်အတွက် Menu List ဖြင့်ချိတ်ဆက်ပေးနိုင်မည် ဖြစ်သည်။

3 – User Level ကို အသုံးပြုမည့် User ကို ချိတ်ဆက်ခြင်း

မိမိသတ်မှတ်ထားသော User Level ကိုအသုံးပြုမည့် User များကို ထည့်သွင်းနိုင်မည်ဖြစ်သည်။

 

Table of Contents