GlobalTA&HR Articles Center
< All Topics
Print

What is Setup?

Setup ဆိုတာ Employee Setup Form တွင် ၀န်ထမ်းတစ်ဦးချင်းစီ ကိုချိတ်ဆက်ပေးလို့ရမည့် နာမည်များကို တည်ဆောက်ရသည့် Menu များဖြစ်ပါသည်။ အကယ်၍ အခု Setup မှာရှိသည့် Menu များနှင့် မိမိလုပ်ငန်းမှာရှိတဲ့ နာမည်များ ကွာခြားနေပါက Application option မှ Fields of Employee တွင် အမှန်ခြစ်များကို ဖြုတ်ပြီး Employee Setup Form တွင် မပါလာအောင် လုပ်လို့ရပါသည်။မှတ်ချက်။          ။ Custom Variables Menu မှလွဲ၍။ CVM အသုံးပြုနည်း နောက်ပိုင်းတွင် ပါပါမည်။

Division ဆိုတာဘာလဲ?

Division ဆိုတာတွင် မိမိ Company မှာ ကနဦးရှိပြီးသား နာမည်များကို ဆောက်လို့ရနိုင်သလို အကယ်၍ အသစ်စ ဆောက်ချင်ပါက လုပ်ငန်းသဘာ၀ပေါ် မူတည်ပြီး မိမိ လိုချင်တဲ့ နာမည်ကို ဆောက်လို့ရသည့် နေရာဖြစ်ပါသည်။ ဥပမာအားဖြင့် လုပ်ငန်းက ဖြန့်ချိရေး ဆို နယ်တိုင်းမှာကလည်း အခွဲ (Branch) တွေရှိနိုင်မှာပါ အ့နယ်ဒေသတွေအတွက် နာမည်များကို ဆောက်ထားပြီး Employee Setup Form ကျ ၀န်ထမ်းတွေနဲ့ ပြန်တွဲ ပေးလို့ရနိုင်ပါသည်။

Location ဆိုတာဘာလဲ?

Location ဆိုတာတွင် မိမိ Company မှာ ကနဦးရှိပြီးသား နာမည်များကို ဆောက်လို့ရနိုင်သလို အကယ်၍ အသစ်စ ဆောက်ချင်ပါက လုပ်ငန်းတည်ရှိရာနေရာများကို တည်ဆောက်လို့ရသည့် နေရာဖြစ်ပါသည်။ ဥပမာအားဖြင့် အလုပ် လုပ်သည့် နေရာမြို့နယ်များကို ထည့်သွင်း ဖော်ပြလေ့ ရှိကြပါသည်။

Section ဆိုတာဘာလဲ?

Section ဆိုတာတွင် မိမိ Company မှာ ကနဦးရှိပြီးသား နာမည်များကို ဆောက်လို့ရနိုင်သလို အကယ်၍ အသစ်စ ဆောက်ချင်ပါက မိမိ ထည့်ချင်သည့် နာမည်ကို သတ်မှတ်လို့ရသည့် နေရာဖြစ်ပါသည်။
ဥပမာအားဖြင့် အချို့ အထည်ချုပ်စက်ရုံများတွင် Cutting ဆိုတဲ့ Department အောက်မှာ Line A , Line B ဆို ပြီး ခွဲထားချင်တာမျိုးဆို Section ကိုသုံးနိုင်ပါသည်။

Group ဆိုတာဘာလဲ?

Group ဆိုတာတွင် မိမိ Company မှာ ကနဦးရှိပြီးသား နာမည်များကို ဆောက်လို့ရနိုင်သလို အကယ်၍ အသစ်စ ဆောက်ချင်ပါက မိမိ ထည့်ချင်သည့် နာမည်ကို သတ်မှတ်လို့ရသည့် နေရာဖြစ်ပါသည်။ ဥပမာအားဖြင့် Management group, Product Group, Service Group စသဖြင့် ခွဲ ခြားသတ်မှတ်လေ့ရှိကြပါသည်။

Cost Center ဆိုတာဘာလဲ?

Cost Center ဆိုတာတွင် မိမိ Company မှာ ကနဦးရှိပြီးသား နာမည်များကို ဆောက်လို့ရနိုင်သလို အကယ်၍ အသစ်စ ဆောက်ချင်ပါက မိမိ ထည့်ချင်သည့် နာမည်ကို သတ်မှတ်လို့ရသည့် နေရာဖြစ်ပါသည်။ ဥပမာအားဖြင့် လစာထုတ်ယူသည့် နေရာသို့ ဌာန အမည်များကို သတ်မှတ်ကြပါသည်။

Table of Contents