What is Master?
Master ရှိ menu တွေမှ တည်ဆောက်လိုက်သော အမည် များသည် ၀န်ထမ်းတစ်ဦးချင်းစီ နဲ့ ပြန်ချိတ်ဆက်ပေးနိုင်ပါမည်။
Company profile ဆိုတာဘာလဲ?
Company Profile ဆိုတာ Company နာမည်တည်ဆောက်ရတဲ့ နေရာဖြစ်ပြီး ထိုနေရာတွင် Company လိပ်စာ၊ လုပ်ငန်းအမျိုးအစား၊ အခြားသက်ဆိုင်သောInformation data များအပြင် Leave Period, Budget Period နဲ့ Payment duration များကိုလည်း သတ်မှတ်လို့ရပြီ Pay slip format design ကို လည်း Company profile မှ သတ်မှတ်လို့ရနိုင်မည်ဖြစ်ပါသည်။
Department ဆိုတာဘာလဲ?
Department ဆိုတာ ၀န်ထမ်းများအတွက် သတ်မှတ်ပေးထားသော ဌာနနေရာနာမည်များဖြစ်ပြီး Company profile name အောက်တွင် Tree View ပုံစံနဲ့ မြင်ရမည်ဖြစ်ပြီး Organization structure ဆိုတဲ့ နေရာတွင် ကြည့်လို့ရနိုင်မည်ဖြစ်ပါသည်။
Grade ဆိုတာဘာလဲ?
Grade ဆိုတာ ၀န်ထမ်းများကို သတ်မှတ်ပေးသည့် အဆင့်ဖြစ်ပါသည်။ ထို Grade များသည် တခါတရံကျ Payroll allowance များနှင့် ချိတ်ဆက်သုံးကျပါသည်။
Designation ဆိုတာဘာလဲ?
Designation ဆိုတာ ၀န်ထမ်း တိုင်းအတွက် သတ်မှတ်ထားသော ရာထူးအမည်များကို တည်ဆောက်သည့်နေရာဖြစ်ပါသည်။
Team Setup ဆိုတာဘာလဲ?
Team Setup ဆိုတာ Department, location, division, section, groupများ လို Manually မိမိ ဆောက်ချင်တဲ့ အမည်နဲ့ ဆောက်လို့ရမည်ဖြစ်ပြီး ထိုဆောက်လိုက်သော Team များကို Employee Information တွင် တွဲလို့ရမည်ဖြစ်ပါသည်။
Label Setup ဆိုတာဘာလဲ?
Label Setup ဆိုတာ attendance request, leave request, OT request, Claim Request Form များတွင် အသုံးပြုနိူင်မည့် နာမည်ကို တည်ဆောက်နိုင်သည့်နေရာဖြစ်ပါသည်။
Job Code Setup ဆိုတာဘာလဲ?
Job Code Setup ဆိုတာမှာ လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ ပစ္စည်း (ITEM) တခုချင်းစီ၏ တန်ဖိုးကို သတ်မှတ်နိုင်သည့် နေရာြဖစ်ပါသည်။
Leave Type ဆိုတာဘာလဲ?
Leave type ဆိုတာမှာ ခွင့်နာမည်နဲ့ ထိုခွင့် ကဘယ်လိုပုံစံမျိုးဆိုပြီး သတ်မှတ်ထားသည့်နေရာဖြစ်ပါသည်။
Shift Policy ဆိုတာဘာလဲ?
Shift Policy ဆိုတာ စပြီး အလုပ်လုပ်သည့် အချိန်နှင့် အလုပ်ပိတ်ချိန်များ၊ Overtime များ၊ နောက်ကျချိန်များ စောပြန်ချိန်များ နေ့လည်စာအချိန်များစသဖြင့် အချိန်အပိုင်းအခြားများကို သတ်မှတ်လို့ရပြီး ထိုသတ်မှတ်ချက် အချိန် အပိုင်းအခြား များကို စုပြီး နာမည်တစ်ခုစီ တည်ဆောက်နိုင်သည့်နေရာဖြစ်ပါသည်။ အလုပ်၏အချိန် မတူတာများကို အရေအတွက် ကန့်သတ်ထားတာမရှိဘဲ တည်ဆောက်နိုင်ပါသည်။
Public Holiday ဆိုတာဘာလဲ?
Public Holiday ဆိုတာတွင် အများပြည်သူ အလုပ်ပိတ်ရက်များ ကို သတ်မှတ်ပေးသည့်နေရာဖြစ်ပါသည်။
Group Policy ဆိုတာဘာလဲ?
Group Policy ဆိုတာတွင် အလုပ်လုပ်ချိန်, နောက်ကျချိန်, စောပြန်ချိန်, စသည့် Attendance နဲ့ သက်ဆိုင်တာများ အပြင် ခွင့် (Leave)နှင့် သက်ဆိုင်သော ရက်အရေအတွက်များ အလုပ်လုပ်တဲ့နှစ် ဘယ်လောက်ကြာမှ ရမယ် ဆိုတာမျိုးများ, ကြိုတင်ရမည်, နောက်ကျဘယ်ရက်အထိဘဲ ရမည်ဆိုတဲ့ ကန့်သတ်ချက်များ ကို သက်ဆိုင်ရာ Group အလိုက် ပိုင်းခြား သတ်မှတ်နိုင်သည့်နေရာဖြစ်ပါသည်။
ဥပမာအားဖြင့် အချိန်ပိုကြေး ရသည့် Group နဲ့ မရသည့် Group များ ကို သတ်မှတ်ချင်လည်း ဤ Group Policy တွင် သတ်မှတ်ရမည်ဖြစ်ပါသည်။ထို Group Policy သည် ၀န်ထမ်းများနှင့် မဖြစ်မနေချိတ်ပေးရပါသည်။
Attendance Rule ဆိုတာဘာလဲ?
Attendance Rule တွင် အလုပ်လုပ်ချိန်, နောက်ကျချိန်, စောပြန်ချိန်များ, အချိန်ပိုကြေးများ စသည့် Attendance နဲ့ ဆိုင်သည့် တန်ဖိုး (Value) များကို Attendance Process တွင် ပေါ်လာအောင် Wizard type သို့ Custom type အနေနဲ့ ရေးပေးရသည့် နေရာဖြစ်ပါသည်။
GPS Location ဆိုတာဘာလဲ?
GPS Location ဆိုတာ Mobile ကနေ GPS Function ကို အသုံးပြု၍ Check In/Out လုပ်လို့ရနိုင်မည့် နေရာများကို သတ်မှတ်ပေးသည့် နေရာဖြစ်ပါသည်။
Bank Info ဆိုတာဘာလဲ?
Bank Info ဆိုတာ ၀န်ထမ်း Information တွင် အသုံးပြုမည့် Bank နာမည်များကို ဆောက်ပေးရသည့် နေရာ ဖြစ်ပါသည်။
Payment Title ဆိုတာဘာလဲ?
Payment Title ဆိုတာတွင် Payment Method 3 မျိုးရှိပါသည်။
- ပထမဆုံး Addition ဆိုတာမှာ တလချင်းစီ ပေးရမည့် ဖြတ်ရမည့် Amount များအတွက် Column နာမည်များကို ဆောက်ပေးလို့ ရသည့် နေရာဖြစ်ပါသည်။
- ဒုတိယ Allowance ဆိုတာမှာ လတိုင်းလတိုင်း ကို ပေးရမည့် ဖြတ်ရမည့် Amount များအတွက် Column နာမည်များကို ဆောက်ပေးလို့ ရသည့် နေရာဖြစ်ပါသည်။
- တတိယမြောက် Award and Deduction ဆိုတာမှာ တလချင်းစီ အရစ်ကျ ပုံစံနဲ့ ပေးရမည့် ဖြတ်ရမည့် Amount များအတွက် Column နာမည်များကို ဆောက်ပေးလို့ ရသည့် နေရာဖြစ်ပါသည်။